Thursday, April 23, 2015
လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊စာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံများနှင့် လူသေဆုံးမှုများဖြစ်ပွားခဲ့
လပြင်းတိုက် မိုးရွာသွန်းမှုကြောင့် လူနေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အအုံများ ပျက်စီးပြီး လူသေဆုံးမှုဖြစ်ပေါ်ခဲ့
===========================================
စစ်ကိုင်း၊ ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသ ကြီး ကောလင်းမြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ်တို့တွင် ဧပြီ ၂၁ ရက်က လေပြင်းတိုက်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းများကြောင့် လူနေအိမ်၊ စာ သင်ကျောင်း၊ သာသနိကအဆောက်အအုံ များ ပျက်စီးခဲ့ပြီး လူသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ယင်းလေပြင်းတိုက်ခတ်ခြင်းကြောင့် ကောလင်းမြို့နယ်အတွင်းရှိ ညောင်ကိုင်း ကျေးရွာတွင် လူနေအိမ် ခုနစ်လုံး၊ တောင် မော်ကျေးရွာတွင် လူနေအိမ်တစ်လုံး၊ ချဉ် ပျစ်ခုံရွာတွင် လူနေအိမ်တစ်လုံး၊ လက်ပံခုံ ရွာတွင် လူနေအိမ် ၁၅ လုံးနှင့် လျှပ်စစ် ဓာတ်တိုင် ခြောက်တိုင်၊ ဆည်တိုကျေးရွာ တွင် ယာတဲတစ်လုံးတို့ ပြိုကျပျက်စီးခဲ့ပြီး ဆည်တိုကျေးရွာတဲပြိုကျမှုတွင် မရီရီဝင်း ၄၂ နှစ် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်သည့်ကျေး ရွာများသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သွား ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ခဲ့ကြသည်။လေတိုက်ခတ်မှုကြောင့် မြို့ နယ်အတွင်း ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ကျပ် ၁၃၁ဝဝဝဝ ရှိကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး ရေ စကြိုမြို့နယ်တွင်လည်း ဧပြီ ၂၁ ရက် ည နေ ၄ နာရီမှ ၅ နာရီခွဲအထိ လေပြင်းများ တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေး ရွာ ၁ဝ ရွာမှ လူနေအိမ် ၃၆ လုံး အမိုးလန် ပျက်စီးခြင်း၊ စေတီတစ်ဆူ ပျက်စီးခြင်း၊ ထန်းပင် အပင် ၅ဝ လဲကျခြင်း၊ ဘုန်းကြီး ကျောင်း နှစ်ကျောင်း၊ စာသင်ကျောင်း ခြောက်ကျောင်းနှင့် တဲလေးလုံး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူတစ်ဦးနှင့် နွား တစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment